Codelab တွေကို ကိုယ်တိုင်ပါဝင်ပြီး contribute လုပ်ဖို့အတွက်ဆို ဒီမှာပြောထားတဲ့ tools တွေ ကိုယ့်စက်ထဲမှာ သွင်းထားဖို့ လိုအပ်ပါလိမ့်မယ်။ အသေးစိတ် သွင်းဖို့ instruction တွေကို link တွေကနေ ဝင်ရောက်ပြီး ကြည့်ရှုနိုင်ပါတယ်။

  1. go - link
  2. claat - link
  3. nodejs - link version 14

Contribute လုပ်ဖို့အတွက် ဒီမှာ ပါတဲ့ tools တွေကို အကုန်နားလည်ဖို့ မလိုအပ်ပါဘူး။ အဓိက နားလည်ဖို့ လိုအပ်တာက markdown အသုံးအနှုံးတွေပဲ ဖြစ်ပါတယ်။ Markdown နဲ့ပတ်သက်ပြီး သိချင်တယ်ဆို ဒီမှာ ဝင်ရောက်ပြီး ကြည့်ကြည့်လို့ရပါတယ်။

Editor အနေနဲ့တော့ vscode ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ markdown edit လုပ်ပြီး preview ကြည့်နိုင်တယ်ဆို တခြား editor တွေလဲ အသုံးပြုနိုင်ပါတယ်။

အဓိက contribute လုပ်ပေးနိုင်တဲ့ Github Repository ကတော့ ဒီမှာ ပဲဖြစ်ပါတယ်။ ရှေ့အဆင့်မှာ ဖော်ပြထားတဲ့ tools တွေကို သွင်းပြီးပြီဆိုရင်တော့ ကိုယ့်ဆက်ထဲကို repository clone လုပ်ယူလိုက်ပါ။ Clone လုပ်ပြီးပြီဆိုရင်တော့ အောက်မှာ ပြထားတဲ့ command တွေကို run ပေးပြီး စတင်လို့ရပါပြီ။

ကိုယ်က codelab အသစ်တခုကို စတင်မယ်ဆို အရင်ဆုံး issue မှာ ticket ဖွင့်ပေးဖို့ လိုအပ်ပါမယ်။ ticket ခေါင်းစဥ်ကိုတော့ ကိုယ်ရေးမယ့် codelab ခေါင်းစဥ်ပေးထားလို့ရပါတယ်။ Issue create လုပ်ပြီးရင်တော့ local မှာ branch ကို ticket id နဲ့ အတူတူပေးပေးပါ။ ဥပမာ Codelab ဘယ်လိုရေးမလဲ? ဆိုတဲ့ ticket ဖွင့်ပြီးတဲ့အချိန် github မှာ Codelab ဘယ်လိုရေးမလဲ? #1 ဆိုပြီးပြနေတယ်ဆို git checkout -b '#1' ဆိုပြီး branch create လုပ်ပြီး codelab စတင်ရေးလို့ရပါပြီ။

အစမှာပြောခဲ့သလိုပဲ codelab ရေးဖို့အတွက် markdown ကိုပဲ သိထားဖို့လိုပါတယ်။ Clone ထားတဲ့ repository ထဲမှာဆိုလဲ codelabs ဆိုတဲ့ folder ထဲမှာပဲ မိမိရဲ့ codelab ကို ရေးဖို့ လိုပါတယ်။

Codelab ရေးမယ်ဆို အရင်ဆုံး ခေါင်းစဥ်ကို english လို စဥ်းစားပြီး markdown file တခုကို codelabs folder ထဲမှာ create လုပ်ဖို့ လိုအပ်ပါမယ်။ ဥပမာ အခု file ကို How to write a codelab လို့ နာမည်ပေးမယ်ဆို file name ကို slug format နဲ့ how-to-write-a-codelab.md ဆိုပြီး နာမည်ပေးဖို့ လိုအပ်ပါမယ်။ extension .md ဆိုတာ markdown file ရဲ့ extension ပဲဖြစ်ပါတယ်။ မြန်မာလို နာမည်ပေးချင်း မပြုလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ codelab အထဲမှာ မြန်မာလို အဝရေးလို့ရပါတယ်။

File create လုပ်ပြီးပြီဆိုရင်တော့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ရှင်းပြပေးပါရစေ။ ဒီမှာ ဖော်ပြထားတာကတော့ codelab တွေမှာ မပါမဖြစ်အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

summary: Codelab ဘယ်လိုရေးမလဲ?
id: how-to-write-a-codelab
categories:
tags:
status: Published
authors: Arkar Min Tun
feedback link: https://github.com/GDGYangon/gdgyangon-codelabs/issues/new

အပေါ်ကအပိုင်းပြီးရင်တော့ စတင်ပြီး codelab ကို ရေးသားလို့ရပါပြီ။ Codelab အတွက် ပထမဆုံး ခေါင်းစဥ်ကို # နဲ့ ရေးသားရပါတယ်။ HTML မှာဆိုရင်တော့ h1 heading အနေနဲ့ပါ။

# Codelab ဘယ်လိုရေးမလဲ?

ဒီအပိုင်းပြီးရင်တော့ codelab မှာ ပါဝင်မယ့် sections တွေကို ## နဲ့ ရေးသားရပါတယ်။ ဒါနဲ့အတူ Duration ကိုပါ ထည့်ပေးရပါတယ်။ ဒီမှာ ထည့်ပေးရတဲ့ Duration ဆိုတာ ဒီ section ကို ပြီးမြောက်ဖို့ ကြာနိုင်တဲ့အချိန်ကို ခန့်မှန်းခြေ ထည့်ပေးထားရတာ ဖြစ်ပါတယ်။ Section တခုချင်းမှာပါတဲ့ Duration တွေကို စုပေါင်းပြီး browser ရဲ့ အပေါ် ညာဘက်ထောင့်မှာ codelab ရဲ့ စုစုပေါင်းကြာချိန်ကို ဖော်ပြပေးထားပါတယ်။

## လိုအပ်သော tools များ setup လုပ်နည်း

Duration: 10

ဒါပြီးသွားရင်တော့ ကျန်တဲ့အစိတ်အပိုင်းတွေကို markdown format အသုံးပြုပြီး ရေးသားလို့ရပါပြီ။ code snippet တွေထည့်မယ်ဆိုလဲ markdown reference ကိုကြည့်ပြီး ထည့်လို့ရပါတယ်။ ပုံတွေ video တွေ ထည့်မယ်ဆိုလဲ ထည့်လို့ရပါတယ်။ ပုံထည့်မယ်ဆို အရင်ဆုံး codelabs > assets folder ထဲမှာ codelab id နဲ့ folder လုပ်ပြီး ထည့်ပေးလို့ရပါတယ်။

Image Example

![alt-text-here](assets/how-to-write-a-codelab/puppy.jpg)
Video Example

[Youtube - GDG Yangon Playlists](https://www.youtube.com/@gdgygn/playlists)

Codelab ကို markdown format နဲ့ ရေးပြီးသွားပြီဆို local မှာ အရင် စမ်းကြည့်လို့ရပါတယ်။

cd codelabs
claat export [codelab.md]
npx gulp serve --codelabs-dir=codelabs

ပြီးရင် localhost:8000 ကို browser ဖွင့်ကြည့်ပြီး ကိုယ့်ရဲ့ codelab ကို ဝင်ရောက်ပြီး ကြည့်လို့ရပါပြီ။ လိုအပ်တာတွေ ပြင်ပြီးရင်တော့ master branch ကို PR တင်ပြီး contribute လုပ်လို့ရပါပြီ။

Markdown file ကိုပြင်တိုင်း claat export ကို ပြန်ပြီး run ပေးဖို့ လိုအပ်ပါတယ်။